ချီဖွေ အောက်တိုဘာ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရစ်လောခေါင်ရပ်ကွက် တောင်သူ ဦးဒေါင်ဒိုင်၏ လယ်မြေတွင် စိုက်ပျိုးထားသော မိုးစပါး နယူးဧရာ-၁ အထူးအထွက်တိုး စိုက်နည်းစနစ် စံပြစိုက်ခင်းကို ယမန်နေ့ ညနေ့ ညနေ ၃ နရီက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦး၊ မြို့နယ် လယ်စီ/ စာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများပူးပေါင်း၍ ရစ်လောခေါင်ရပ်ကွက် ဦးဒေါင်ဒိုင်၏ လယ်မြေတွင် စိုက်ပျိုးထားသော နယူးဧရာ-၁ အထူးအထွက်တိုး စိုက်နည်းစနစ် စံပြစိုက်ခင်းတွင် တိုင်းတာခြင်းနှင့် စံကွက်ရိတ်သိမ်း ခြင်းများ ပြုလုပ်ခဲ့ရာ စပါးတင်း အစိုအထွက် တစ်ဧက(၁၂၁.၀၆)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရှိရသည်။
နန်းမြင့်(ပြန်/ဆက်)