မိုင်းစံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းစံ ဇန်နဝါရီလ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် (၁၀:၀၀)နာရီက အခြေခံပညာအထက်တန်း‌ကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်သော ဆောင်းပါး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်၊ အမျိုးသားညီညွတ်ရေးနှင့်ပတ်သက်သည့် ဗိုလိချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ကာတွန်းနှင့်ကဗျာ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မိုင်းစံ (ပြန်/ဆက်)