ထန်တလန် အောက်တိုဘာ ၂၇
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဗန်ဇအုပ် နှင့် ဝန်ထမ်းများသည် ပြည်သူများ သောက်သုံးရေ လွယ်ကူစွာ ပိုမိုရရှိနိုင်ရေးနှင့် ပြတ်လပ်မှု မရှိစေရေး အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေပိုက်လိုင်း အသစ်တူးဖော်ခြင်း၊ ပိုက်ဆက်လုပ်ငန်း၊ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်တလန်မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ မိုးရာသီ ကာလတွင် အဖြစ်များသော ရေထွက်ပိုက်လိုင်း၌ ပိတ်ဆို့လျက်ရှိသော သဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ အက်ကွဲနေသည့် ရေပိုက်များ ပြုပြင်ခြင်း၊ ရေပိုက်လမ်း အသစ်တူးဖော်ခြင်း၊ ရေပိုက်မြှုပ်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ စုပေါင်းအမှိုက်ရှင်းလင်းခြင်းများအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)