ခိုလမ်မြို့ အ.မ.က(ခလရ-၆၆)ကျောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ခိုလမ် ဇန်န၀ါရီ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်း (၁:၀၀)နာရီအချိန်က အ.မ.က(ခလရ-၆၆)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် ကျောင်းသား/ကျောင်းသူများ မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များတွင် အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ရှိန်တိုးတက်မြင့်မားရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေ လေ့လာဖတ်ရှုနိုင်​ရေးနှင့် အဖက်ဖက်မှ ဖွံဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ် (၄၅)အုပ်ကို အခမဲ့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)