မိုင်းရယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲများကျင်းပ

မိုင်းရယ် ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အခြေခံပညာ အလယ်တန်းအဆင့် ပန်းချီ၊ စာစီစာကုံးနှင့် မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဌာန၌ ပြုလုပ်သည်။

အဆိုပါပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလွန်(၁)ကျောင်းတို့မှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၆) ဦးတို့က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲများကို စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်နှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့်အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန၌ ပြသထားသည့် လွတ်လပ်ရေးကြိုးပမ်းမှုဆိုင်ရာ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားသည်များကို ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

မိုင်းရယ်ပြန်/ဆက်