ငါးသိုင်းချောင်းမြို့တွင် စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင် (Book club)၊ (youth club) နှင့်စာဖတ်ဝိုင်းကျင်းပပြုလုပ်

ငါးသိုင်းချောင်းမြို့ ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စာရေးဆရာ မောင်မင်းစိုးရေးသားသည့် အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာဆရာ ချစ်ဒေါင်းဆွေမှ လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ်၊ (book club) နှင့် (youth club) အဖွဲ့မှ စာပေဝါသနာရှင်များက လူငယ်နဲ့အဆုံးအမ၊ လူငယ်နဲ့ကျန်းမာရေးအစရှိသည့် ခေါင်းစဥ်များဖြင့် မိမိတို့၏အတွေးအမြင်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)