ရမည်းသင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ Book Club အသင်းနှင့် အခြေခံ ပညာဦးစီးဌာတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန်အတွက် ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်စေရန်တို့ကို ဆွေးနွေးပြောကြားကာ အားလပ်ချိန်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိသုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုလေ့လာကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် Book Club အသင်းအဖွဲ့ဝင် ဦးအေးမင်းမြတ်မှ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)ကထုတ်ဝေသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်၌ ပါရှိသည့် ပြည်တွင်းစည်းလုံညီညွတ်မှုသာလျှင် အဓိကအကျဆုံး၊ အမျိုးသားညီညွတ်ရေး၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်လွတ်လပ်ရေးဆိုသည်မှာ စသည်တို့ကို အ-ထ-က(၁) အခြေခံပညာအထက်တန်းကျောင်း Grade-10 ကျောင်းသားမောင်ဉာဏ်ပိုင်၊ မအိမိုးနှင့် Grade-9 ကျောင်းသူမစန္ဒာတို့ကို ဖတ်ကြားရာရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန္တာလင်းနှင့် Book Clubအသင်းအဖွဲ့ဝင်ဒေါ်မိ၊ Youth Club အသင်း ဉက္ကဋ္ဌ၊ ဦးအေးမင်းမြတ်၊Wonam Club အသင်းအတွင်းရေးမှူး ဒေါ်ဆုလှိုင်တို့မှ ပြန်လည်ဆွေးနွေးပြောကြားရာ ကျောင်းသား၊ကျောင်းသူများမှ မိမိမှတ်မိသလို အပြန်အလှန်ဆွေးနွေးကာ အသိ အမြင်ခြင်းဖလှယ်၍ ပြန်လည်မျှဝေခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ကျောင်း သား၊ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာ မှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်