မူးယစ်ဆေးဝါးတားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show”ပြုလုပ်

ဖားဆောင်း  အောက်တိုဘာ ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါး၊တားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show” ကိုကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က “Talk Show” ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကာလအတွင်း “stay home” နေထိုင်ကြသည့် ပြည်သူများအား မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းသည့် ဆိုးကျိုးများ၊ ပြစ်မှု၊ပြစ်ဒဏ များကို “online” မှတဆင့် အသိပညာ ဗဟုသုတများ ရရှိစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးစဲရယ်က မိမိတို့နိုင်ငံ၏ လူနေမှုအဆင့်အတန်း ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားမှုကြောင့် မူးယစ်ဆေးဝါး၏ဆိုးကျိုး၊အကျိုးဆက်ပို၍ ဖြစ်ပေါ် ခံစားရခြင်း ရှိ/မရှိနှင့် မူးယစ်ဆေးဝါးအန္တရာယ်သည် လူငယ်ထုအတွင်း ဖြစ်ပေါ် ကျရောက် နေမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်ဥပဒေအရာရှိဦးထင်အောင်က မူးယစ် ဆေးဝါး သုံးစွဲမှု၊ရောင်းဝယ်ဖောင်းကားမှုနှင့်စပ်လျဉ်း၍ ပြစ်မှု၊ပြစ်ဒဏ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)