မင်းတပ် အောက်တိုဘာ ၂၇
မင်းတပ်မြို့ အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင်များ၌ နေထိုင်ပြီးသူများအား ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။
မင်းတပ်မြို့ အ.ထ.က (၁) Quarantine Centre တွင်နေထိုင်သူ (၈) ဦးနှင့် ခရိုင်ပြည်သူ့ဆေးရုံ Quarantine Centre မှ (၁) ဦး စုစုပေါင်း (၉) ဦးအား ယနေ့မွန်းလွဲ ၁ နာရီတွင် အိမ်ပြန်ခွင့် လက်မှတ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အိမ်တွင် Home Quarantine (၇) ရက်ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်း ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းနိုင်ထံမှ သိရသည်။
မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ (၄) ဦးသာကျန်ရှိပြီး Facility Quarantine Centre (၃)ခုတွင် အသွားအလာ ကန့်သတ်ခံရသူ ၁၆ ဦးရှိကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)