ဓနုဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ဓနုဖြူ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်​နေ့‌ မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက ကျောင်းသားလူငယ်များအား လွတ်လပ်ရေးနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် နံရံကပ်စာစောင်တွင် ပြသထားသည့် လွတ်လပ်ရေးနေ့အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လွတ်လပ်ရေးနေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)