ကန်ပက်လက်မြို့၌ အသွားအလာကန့်သတ်စောင်ကြည့်ဌာနတွင် နေထိုင်ပြီးစီးသူ(၂)ဦးအား အိမ်ပြန်ခွင့်လက်မှတ်များပေးအပ်

ကန်ပက်လက်  အောက်တိုဘာ  ၂၇

ကန်ပက်လက်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသူ()ဦးအား ကန်ပက်လက်မြို့နယ် ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များကို ယနေ့မွန်းလွဲ နာရီခွဲအချိန်တွင် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Facility Quarantine နေထိုင်သူ ()ဦးမှာ မင်းတပ်မြို့သို့ ကျန်းမာရေးအရ ဆေးသွားရောက် ကုသခံယူသူများဖြစ်ပြီး ယနေ့တွင် Facility Quarantine နေထိုင်သည့်ရက် (၁၄)ရက်ပြည့်သည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ စစ်ဆေးချက်အဖြေမှာ Negative ဖြစ်သဖြင့် အိမ်ပြန်ခွင့်လက်မှတ်များ ထုတ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ကန်ပက်လက်မြို့တွင် Facility Quarantine ဝင်ရောက်သူ စုစုပေါင်း(၃၄)ဦးအထိရှိပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် နေပြည်တော်မှ ပြန်လာသူ()ဦး၊ ပခုက္ကူမှပြန်လာသူ ()ဦးနှင့် မင်းတပ်မှ ပြန်လာသူ ()ဦး စုစုပေါင်း()ဦးမှာ Facility Quarantine ဝင်ရောက်နေထိုင် လျက်ရှိကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)