ဇလွန် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားကွင်းတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ ပုဆိုးကွင်းလျှိုဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)