ကြံခင်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကဇင်းကြီးကျေးရွာအုပ်စု(အ.မ.က) ဇင်းကြီးကျောင်းတွင် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ပြင်ပဗဟုသုတများစုံလင်စွာရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့(အကြို)အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်ပြပွဲ၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းစာသင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် (အ.မ.က)ဇင်းကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမော်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဦးတည်ချက်များ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့ပုံနှင့် စာပေလေ့လာဖတ်ရှူခြင်း၏ အကျိုးများအားလည်းကောင်း၊ Book Club အဖွဲ့ဝင် ရာဇာငယ်(ကနောင်)က “လွတ်လပ်ရေးအမွေ ထိန်းသိမ်းစောင့်ရှောက်စို့လေ”ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးကာ မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ပြီး၊ ကျောင်းအကျိုးတော်ဆောင် ဦးလင်းလင်းဇော်က ကျေးဇူးတင်စကားပြောကြားပြီးနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး၊ အသိပညာပေး နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် ဟောပြောပွဲသို့ (အ.မ.က)ဇင်းကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား/သူ (၁၀၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)