ကြံခင်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.ထ.က-၂)ကျောင်းတွင် ကျောင်းသား/သူများ ယာဉ်အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား သိရှိစေရန်ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် (အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်အောင်က ကျောင်းသား/သူများ ယာဉ်စည်းကမ်းလိုက်နာရေး၊ အသက်(၁၈)နှစ်မပြည့်လျှင် မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းမပြုလုပ်ကြရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ အချက်များအားလည်းကောင်း၊ ဒုရဲအုပ် ဝိုင်းသဉ္ဇာထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဟောပြောပြီး ကျောင်းသား/သူများအား ဉာဏ်စမ်းမေးခွန်းများဖြင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၁၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)