မြစ်သား ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသမှုကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်သူ့စာကြည့်တိုက်နှင့် လူထုအခြေပြုဗဟိုဌာနခန်းမတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီအောင်မှ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ရောင်စုံခြယ်တတ်ရန်ရည်ရွယ်၍ မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဝင် (၁၇) ဦးနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ (၄၃)ဦးတို့ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့အခမ်းအနား သဝဏ်လွှာဖတ်ကြားသည့်နေ့တွင် ဆုများအသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့ နံရံကပ်စာစောင်၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်နှင့်ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)