ကာလိမြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်

ကာလိ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာပေဖတ်ရှုလေ့လာတက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အခြေခံပညာမူလတန်း မိုင်းယိုင်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေမည့်  စာရေးဆရာဝင်းဖေ(အဖျောက်)၏ ဇွဲမလျော့စတမ်း ပုံပြင်ဖတ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသ စာအုပ်စာစောင်များ ဖတ်ရှုစေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)