လယ်ဝေး ဇန်နဝါရီ ၄
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲ ၆ မျိုးနှင့် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးအား ဂုဏ်ပြုဆုများ၊ ဆုတံဆိပ်များနှင့် ဆုလည်ဆွဲများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)