မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းစံ ဇန်နဝါရီ  ၅    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁ဝးဝဝ)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာထွေးက မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်၊ (၇၆)နှစ်မြောက် ဇန်နဝါရီလ(၄)ရက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များအား ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)