ဇလွန် ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီနှင့်ဂီတထူးချွန်သော ကလေးငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမြင့်သိန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များ ရဲရဲတွေး၊ ရဲရဲပြော၊ ရဲရဲရေးသားလာနိုင်ခြင်း၊ ဗဟုသုတများတိုးပွား၍ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မောင်ပြေငြိမ်း (ဇလွန်) က လွတ်လပ်ရေးနေ့နှင့်ပတ်သတ်သည့် အကြောင်းအရာများကို အကျယ်တဝင့်အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီနှင့်ဂီတပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမြင့်သိန်းနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)