ရေကြည် ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာနရုံးခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်က Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က စာဖတ်သူ တိုးပွားလာစေရန်၊ အသိပညာ ဗဟုသုတများတိုးပွားပြီး စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ယဉ်တင့်နှင့် Book Club အဖွဲ့ဝင် ဦးဖြိုးဇာနည်အောင် တို့က စာရေးဆရာ အောင်သင်း ရေးသားသော“နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်အား ဦးဆောင် ဖတ်ရှုဆွေးနွေး ကြပြီး တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် စာပေဝါသနာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိသည်။
အောင်သူဟန် ( ပြန်/ဆက်)