နေပြည်တော် ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးသားခြင်း အတတ်ပညာအလုပ်ရုံသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာရေးသားခြင်း အတတ်ပညာ အလုပ်ရုံသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာ အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) က သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် စာရေးနည်း၊ စာတန်းရေးနည်းအခြေခံ၊ ဆောင်းပါးရှင်ဖြစ်လိုသူသို့၊ စာရေးတော့မည်လား၊ စာရေးမည်ဆိုလျှင်၊ စာရေးသားနည်း၊ စာရေးတတ်အောင်ဘာလုပ်မလဲ၊ စာရေးချင်သူများသို့၊ စကားပြေ၏အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်၊ စကားပြေရေးဟန်၊ အရေးအသားစနစ်၊ စာရေးသား နည်းအတတ်ပညာနှင့် ဆိုင်သောပုံစံများ၊ ဆောင်းပါးရေးသားနည်း၊ မြန်မာစာအက္ခရာနှင့် သတ်ပုံအသုံးအနှုန်းစသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဦးစီးအရာရှိများ၊ ဌာနဆိုင်ရာအသီးသီမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄၂) ဦး တက်ရောက်ကြပြီး စာရေးသားခြင်း အတတ်ပညာ အလုပ်ရုံသင်တန်း (၁/၂၀၂၄) ကို ဇန်နဝါရီလ ၆ ရက်နေ့မှ ဖေဖော်ဝါရီလ (၃) ရက်နေ့အထိ အပတ်စဉ် စနေနေ့တိုင်း စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)