ခိုလမ်မြို့ရုံး (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ခိုလမ် ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့နံနက် (၁၀) အချိန်က “နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့​သည်။

ထိုသို့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်က ဝန်ထမ်းများ တစ်ဦးချင်းသိရှိလိုက်နာရမည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများ၊ အလုပ်ချိန်နှင့်သက်ဆိုင်သည့် ၀န်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် ပတ်သက်သည့် စည်းကမ်းဆိုင်ရာ ပြစ်မှုများ စသည့်အကြောင်းအရာများကို ရှင်းလင်းဖတ်ကြားပေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်း၌ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်မှ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာအခြေခံမူများ အခန်း(၁၄) ကို ‌(စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်နှင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများ အခန်း (၂) ကို (အငယ်တန်းစာရေး) ဒေါ်ပန်းအင်ကြင်းတို့က အသီးသီးဖတ်ကြားပြီး  သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နေလင်းထွန်း(ပြန်/ဆက်)