ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ငပုတော ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်နုနုရီက ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်လူရွယ်များ အနေဖြင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာပေများ ဖတ်ရှုလေ့လာရန်လိုကြောင်း၊ စာပေဖတ်ရှု့ခြင်းသည် များစွာအကျိုးရှိကြောင်း၊ သုတ၊ ရသ၊ စာပေများသာမက အခြားဗဟုသုတရရှိသော စာပေများကို ဖတ်ရှု့ရန်လိုကြောင်းနှင့် အခြားအကြောင်းအရာများကို ဖြည့်စွက်ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား /ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)