ပင်လုံ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူ လူငယ်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် “ပျော်ရွှင်ခြင်း”စာအုပ်မှ “အစဥ်အလာကောင်းရမယ်၊ မိမိအလုပ်မှာ မိမိပျော်ရွှင်အောင်နေပါ” ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များအဖွဲ့(Book Club၊ Youth Club)မှ အဖွဲ့ဝင်များဖြစ်သော မောင်စိုင်းဟန်မှိုင်းမှ “အခက်အခဲနှင့်ရင်ဆိုင်ရလျှင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းဖြူဖွေးမှ “အကျင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မြင့်မြတ်မှ ''ကိုယ့်အကြောင်းကိုယ်မကောင်းပြောခြင်းမှရှောင်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပြီး အသိပညာဗဟုသုတများကို အပြန်အလှန် မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)