ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေရပ်ပြည်ပြန်(၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်း အောက်တိုဘာ ၂၈

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေရပ်ပြန်(၂)ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီ ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယမန်နေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး နေအိမ်တွင် (၇)ကြာ Home Quarantine ဆက်လက်နေထိုင်ရမည်ဖြစ်သည်။

အဆိုပါ(၂)ဦးသည် အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ပြီး အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့မှ တစ်ဆင့် နေရပ်သို့ပြန်လာခြင်းဖြစ်ပြီး ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ Facility Quarantine ဖြင့် အသွားအလာကန့်သတ်စဉ် ရောဂါပိုးတွေ့ရှိခြင်းဖြစ်သည်။ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ဆေးကုသမှုခံယူကာ ရောဂါလက္ခဏာမရှိသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ပြီး အဆိုပါ နေရပ်ပြန်(၂)ဦးသည် တီးတိန်မြို့နယ်မှ အသက်(၂၄)နှစ် နှင့် တွန်းဇံမြို့နယ်မှ အသက်(၂၁)နှစ်ရှိ အမျိုးသားများဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်