တွန်းဇံ အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်မည့် အထူးရဲများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူးတာဝန်ခံ ဒုရဲမှူးလှစိုးက မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများကို မဲရုံဆိုရာ လုံခြုံရေးများ၊ လိုက်နာရမည့် လုပ်ငန်း တာဝန်များအား ထပ်မံမှာကြားခဲ့သည်။
တွန်းဇံမြို့နယ်အတွင်း မဲရုံ(၈၃)ရုံရှိသည့်အတွက် မဲရုံ တစ်ရုံလျှင်အထူးရဲ တစ်ယောက်နှုန်းဖြင့် အထူးရဲ(၈၃)ဦး ခေါ်ယူပြီး အောက်တိုဘာ (၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၂၈)ရက်ကြာ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)