ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ရှားတော၊ အောက်တိုဘာ ၂၈

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်ည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ မဲရုံ များတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်း(၃၂)မျိုးကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ယမန်နေ့တွင် စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး၊ မဲလက်မှတ်၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ ချိတ်တံဆိပ်၊ ဆာလာအိတ်များ၊ စတေကာများ၊ စာရေးကိရိယာများ၊ Mask နှင့် လက်သန့်ဆေး ရည်များ စသည့် မဲရုံးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးကူးရယ် နှင့် ကော်မရှင်အဖွဲ့ဝင် တာဝန်ရှိသူများက ကြီးကြပ်ကာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြာင်း သိရသည်။

ရှားတောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၃)ခု နှင့် ကျေးရွာပေါင်း(၂၀)ရွာ ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကော်ပွဲတွင် မဲရုံပေါင်း(၉)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူပေါင်း (၅၂၀၀)ကျော် ရှိကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)