ဆမီး အောက်တိုဘာ ၂၈
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ဆေးဝါးပစ္စည်းများနှင့် ကိုဗစ်−၁၉ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနာကို ယနေ့နံနက်ပိုင်းက ဆမီးမြို့တိုက်နယ် ဆေးရုံနှင့် အထက ကျောင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနာတွင် ဆမီးမြို့ဒေသခံပြည်သူများ (၃၀၀၀)ကျော်နှင့် တိုက်ပွဲရှောင်ပြည်သူများ (၃၀၀၀)ကျော် တစ်စ ၊ တစ်စ ဖြစ်နေပြီး လက်ရှိလူဉီးရေ (၇၀၀၀)နီးပါးဖြစ်ပြီး လုပ်အပ်ချက်များစွာရှိနေကြောင်း ဆမီးမြို့ဆေးရုံသည် တိုက်နယ်ဆေးရုံဖြစ်ပြီး ဆရာဝန်အချိန်ပြည့်မထိုင်နိုင်ခြင်း၊ ဆေးဝါပစ္စည်းများ လုံလုံလောက်လောက် မရှိခြင်းတို့ကြောင့် ဆမီးမြို့တိုက်နယ် ဆေးရုံအနေဖြင့် ကိုက်ညီသော အသုံးပြုနိုင်မည့် ဆေးဝါးအမျိုးအစား(၇၀)နှင့် ရွှေတင်စက်အပါအဝင် စုစုပေါင်း တန်ဖိုးသိန်း(၈၀)ကျော်နှင့် RRCCIမှ လှူဒါန်းသော အထကအတွက် လိုအပ်သော ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ဒေါက်တာအယ်နာရွှေလွှမ်းနှင့် အလှူရှင်များကိုယ်စား မိမိအနေဖြင့် လာရောက် လှူဒါန်းပေးတာဖြစ်ကြောင်း ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ (RRCCI)ဥက္ကဋ္ဌ ဆလိုင်းအိုက်ဇက်ခင်က ပြောကြားခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး၊ ဆမီးမြို့တိုက်နယ် ဆေးရုံမှတာဝန်ရှိသူများနှင့် ဒုကျောင်းအုပ် ဦးဝန်ဆောင်တို့က လက်ခံရယူပြီး ဆမီးမြို့ရှိပြည်သူများ ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးနှင့် ဒုကျောင်းအုပ်တို့က အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
လဲ့လဲ့ခိုင်(ဆမီး)