ဟားခါး အောက်တိုဘာ ၂၈
ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများ သက်သာချောင်ချိရေး၊ စားနပ်ရိပ်က္ခာ ဖူလုံရေးအတွက် အခြေခံစားသောက် ကုန်များနှင့် နှာခေါင်းစည်း(Mask)များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချင်းပြည်နယ်သမဝါယမ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးက လတ်တလော ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှု ကာလအတွင်း မိမိဌာန ဝန်ထမ်းများအား စာနပ်ရိက္ခာဖူလုံစေရေး အထောက်အပံ့ဖြစ်နိုင်စေရန် ကူညီထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်၊ မြို့နယ်နှင့် အသင်းစုချုပ် ဝန်ထမ်းအားလုံးအား ဌာနမှတတ်နိုင်သည့် အခြေအနေဖြင့် ညီမျှစွာ ခွဲဝေထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားပြီးနောက် ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူများက အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ ဌာနအတွင်း ဝန်ထမ်းများက လက်ခံခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်၊ မြို့နယ်နှင့် အသင်းစုချုပ်ဝန်ထမ်း (၆၀)ဦးအတွက် တစ်ဦးလျှင် ကြက်ဉ(၁၀)လုံး၊ အာလူး(၁)ပိဿာ၊ ဆီ(၁)ပိဿာ၊ ကုလားပဲ(၁)ပိဿာနှင့် နှာခေါင်းစည်း (Mask)အခု(၅၀)ပါ (၁)ထုပ်စီ တို့ကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၅၂၀၀၀၀)ရှိကြောင်း ချင်းပြည်နယ် သမဝါယမ ဦးစီးဌာနထံမှ သိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)