နမ့်ဆန်၌ ကလေးငယ်များအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နမ့်ဆန် ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကလေးငယ်များအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာန ခန်းမ၌ပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေက ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးအကြောင်း၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ရေး ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့်၊ ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုး/တိုက် ကျွေးခြင်းဖြင့် ကလေးငယ်များအတွက် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထက်ဖြိုးဝေနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့များတို့က ကလေးငယ်များအား ရိုတာဗိုလ်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)