မင်းတပ်မြို့၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မင်းတပ်      အောက်တိုဘာလ    ၂၈

မင်းတပ်မြို့နယ်ရှိ မဲရုံပေါင်း (၁၁၆) ရုံတွင် ရွေးကောက်ပွဲမစတင်မီကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ ကျင်းပပြီးကာလ တို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အထက(၂) ကျောင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

ယင်းသင်တန်းဆင်းပွဲတွင် မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဘင်နီဖိုင်းက အမှာစကား ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် ရွေးကောက်ပွဲကာလတွင် သွားရောက်တာဝန် ထမ်းဆောင်မည့်ရပ်ကွက်၊ ကျေးရွာများ၌ စည်းကမ်းရှိရှိနေထိုင်ကြရန်နှင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း၊ မြန်မာနိုင်ငံရဲဥပဒေနှင့် နည်းဥပဒေများ အကြောင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

အဆိုပါ အထူးရဲသင်တန်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ အထက(၂) ကျောင်းတွင် ဖွင့်လှစ်ပြီး အထူးရဲသင်တန်းသား (၁၁၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)