နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ဖရူဆို အောက်တိုဘာ ၂၈

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာသော ပြည်သူများ အား နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်  စနစ်တကျတပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့နှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား ကူးစက်မှုနှုန်းများပြားလာသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မြို့မဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ  စည်းကမ်းချက်များနှင့်အညီ  ပြည်သူများ လိုက်နာနေထိုင်သွားလာမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းမရှိသူများအား ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ ကြောင်း  သိရသည်။
တောရယ်(ပြန်/ဆက်)