လဲချားမြို့နယ် လူထုအခြေပြု(Community Centre)တွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်း

လဲချား ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၉ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ဉီးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊​ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာကြည့်တိုက်အားရင်းနှီးကျွမ်းဝင်မှုရှိလာ​စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ​ပြာကြားကာ ဉာဏနှင့်သက်ဆိုင်သည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်ပြီး အာဟာရမုန့်များ ဝေငှခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၂)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 လဲချား (မြို့နယ်၊ ပြန်/ဆက်)