လိုင်လင်းပီ အောက်တိုဘာ ၂၈
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (အိတ်ချ်ပီဗီ)ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် လိုင်လင်းပီမြို့၊ တိုက်နယ်ဆေးရုံ၌ ကျေးလက် ကျန်းမာရေးဌာနဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (အိတ်ချ်ပီဗီ)သည် ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များတွင် (၁၃)မျိုးမြောက် ကာကွယ်ဆေး ဖြစ်ပြီး အိတ်ချ်ပီဗီ ရောဂါပိုးကြောင့်ဖြစ်ပွား သည့် ကင်ဆာများကို ထိထိရောက်ရောက်ကာကွယ်နိုင်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးသည် နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်းကို (၁၂)လခြားကာ ထိုးနှံရမည်ဖြစ်ကြောင်း နှင့် ယခုအကြိမ်ကာကွယ် ဆေးထိုးခြင်း၌ စုစုပေါင်း(၄၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း လိုင်လင်းပီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
ယာကမ် (ပြန်/ဆက်)