ပျော်ဘွယ်မြို့နယ် Community Centre ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၇

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသက်အရွယ်အလိုက် စာပေကိုရွေးချယ်ဖတ်ရှုတတ်စေရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား/ကျောင်းသူများ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာ ဖတ်ရှုရမည့်အကြောင်းအရာများ၊ စာပေဖတ်ရှုရာတွင် မိမိဖတ်ရှုသည့်အကြောင်းအရာကို ပြန်လည်စဉ်းစားတတ်စေရေး၊ အကြောင်းအရာများစွာကို ဖတ်ရှုပြီးနောက် မိမိ၏ အသေဉာဏ်ဖွံ့ဖြိုးတိုးလာမည့် အခြေအနေများကို ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး