ဖလမ်း အောက်တိုဘာ ၂၈
ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမ(၁)ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာ ၂၈ ရက် နံနက်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း တိုင်းခြား၊ ပြည်နယ်ခြား၊ မြို့နယ်ခြားမှ ဖလမ်းမြို့နယ်သို့ အောက်တိုဘာ (၃)ရက်နေ့နောက်ပိုင်း ဝင်ရောက်လာသူများကို အောက်တိုဘာ ၁၇ ရက် နံနက်က ဖလမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ကို Antigen Test Kit ဖြင့် စစ်ဆေးရာတွင် ကျောင်းဆရာမတစ်ဦး၌ ရောဂါပိုးတွေ့ရှိခြင်း ဖြစ်သည်။ ရောဂါပိုး တွေ့ရှိသည့် ကျောင်းဆရာမသည် ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ဆေးကုသမှု ခံယူပြီး ရောဂါလက္ခဏာ မရှိသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှဆင်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းဆရာမသည် ကလေးမြို့နယ်မှ ဖလမ်းမြို့နယ်၊ ဘွာလ်ဟရယ် ကျေးရွာတွင် ဒုမဲရုံမှူး တာဝန်ထမ်းဆောင် ရန် လာရောက်သည့် အသက်(၃၁)အရွယ်ရှိ အိမ်ထောင်သည် အမျိုးသမီးဖြစ်ကြောင်းသိရသည်။
ဂျွန်