တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းအဆင့် Grade – 12 တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တံတားဦး ဇန်နဝါရီ ၁၈

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade – 12 တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် ပညာရေးမှူး ဒေါ်စန်းဥက အမှာစကား ပြောကြားပြီး တံတားဦး  မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သိန်းက အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် Grade – 12 မှ သင်ခန်းစာများကို ဆရာ/မများမှ ကျောင်းသား/သူများကို စနစ်တကျ သင်ကြားပေးစေလိုကြောင်း ဒါ့အပြင် စာမေးပွဲလုပ်ငန်း လက်စွဲစာအုပ်ပါအတိုင်း တိကျလိုက်နာဆောင်ရွက်ရေး ၊ ကျောင်းသား/သူများကို အတန်းလိုက် အရည်အသွေးပြည့်မီတက်မြောက်အောင်ကြားပေးစေလိုကြောင်း ၊ Grade – 12 တက္ကသိုလ်ဝင်တန်းမှ ကျောင်းသား/သူများ အမှတ်ကောင်းရရှိရေး သို့မှသာ ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး အခြေခံပညာအထက်တန်းအဆင့် Grade – 12 တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်အဆင့် တက်ရောက်လာသော ဆရာ/မများမှ ဘာသာရပ် အလိုက် ဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဆရာ/မများက မရှင်းလင်းသည်များကို ပြန်လည်ဆွေးနွေးကြရာ တက်ရောက်လာသော ဆရာ/မများမှ ဘာသာရပ်အလိုက် ပြန်လည်ရှင်းလင်း ပြောကြားကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်)