ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းမည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

ဖလမ်း     အောက်တိုဘာ       ၂၈

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရှလွယ်ခန်းမ၌ ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး သိန်းဦး က သင်တန်းဆင်း အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့ မှ အောက်တိုဘာ ၂၇ ရက်နေ့ထိ ပြုလုပ်ကာ သင်တန်းတွင် ဖလမ်းမြို့နယ်အတွင်း မဲရုံ(၁၆၉)ရုံ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ(၁၆၉)ဦး တက်ရောက်ကြ  ကြောင်းသိရသည်။

ဂျွန်