ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကလောင်စုံ​ ရေးသားသည့် ယောကျ်ားတံခွန် လူရည်ချွန်စာအုပ်ပါ လူရည်ချွန်ဖြစ်ဖို့ ဆောင်းပါးနှင့်စွန့်ဦးတီထွင် ဝေဟင်ခရီးဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူမျာအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် ​လူတိုင်မှာအဖြစ်ချင်ဆုံး ရည်မှန်းချက်ရှိကြပါကြောင်း၊ ဇွဲလုံ့လဖြင့်အားစိုက်ပြီး ကြိုးစာရင်ထူးချွန်​ပြောင်မြောက်နိုင်မှာဖြစ်ပါကြောင်းနှင့် ယနေ့လူငယ်များ အားလပ်ချိန်မှာ Game ကစားရင်း အချိန်ကုန်နေကြပါကြောင်း၊ စက်မဲ့လေယာဥ်ကို တည်ဆောက်ခဲ့သူမှာ လေယာဥ်နှင့်ပတ်သက်၍ အဲ့ခေတ်က သိပ္ပံပညာတွေကို ဘယ်ကျောင်းမှ သင်ကြားခြင်းမရှိပါကြောင်း စာကြည့်တိုက်ကိုသွားပြီး စာအုပ်တွေ ရှာဖွေဖတ်ခဲ့ရပါကြောင်း လူငယ်တွေအတုယူတတ်ဖို့လိုပါကြောင်း၊ ပညာလိုသူသည် ဘယ်တော့မှ နောက်မကျဟူသော ပညာရှင်များ၏ အဆိုအရလူငယ်များ အကျိုးမဲ့အချိန်တွေကိုမဖြုန်းသင့်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ်ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း