ဖလမ်း အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ်အတွင်း ပါတီ(၃)ခုမှ ကိုယ်စားလှယ် လောင်း(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း(၂)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် အမှတ်(၁၉၈/၂၀၂၀)ဖြင့် အောက်တိုဘာလ (၁၇)ရက်နေ့က နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီဖျက်သိမ်းခြင်းကြောင့် ဖလမ်းမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ပါတီ(၁)ခုမှ ကိုယ်စားလှယ်လောင်းများ လျော့ချသွားကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း(၄)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် လောင်း(၃)ဦး၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း(၄)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း(၂)ဦး စုစုပေါင်း(၁၃)ဦးတို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်(၁) နှင့်(၂)နေရာများအတွက် အသီးသီးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။
ဂျွန်(ပြန်/ဆက်)