အင်္ဂပူ မတ် ၁၉
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာစည်သူကျော်က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် တိုက်နယ်ဆရာဝန်များက တိုက်နယ်အလိုက် ရောဂါကာကွယ်ရေး ဆောင်ရွက်မှုအစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ အသိပညာပေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အကြံပြုဆွေး နွေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)