ကလောမြို့နယ် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းကြည့်ရှု

ကလော  ဇန်နဝါရီ     ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့နယ်ရှိကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြန်မာနိုင်ငံစာကြည်တိုက်များ ဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ်တာဝန်ခံ၊ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကမ္ဘားနီကျေးရွာရှိ ပညာအလင်းရောင်စာကြည့်တိုက်တွင်ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ်တာဝန်ခံ ဦးဝင်းအောင်က ကိုယ်အားကိုယ်ကိုးစာကြည့်တိုက်ဖြစ်သည့် ကမ္ဘားနီကျေးရွာရှိစာကြည့်တိုက် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သူတိုးပွားရေး၊ စာအုပ်စာစောင်ရရှိမှုအခြေအနေများနှင့် လက်ရှိစာကြည့်တိုက် လှုပ်ရှားဆောင်ရွက်မှုအခြေအနေများ မေးမြန်းဆွေးနွေးခဲ့ရာ ပညာအလင်းရောင်စာကြည့်တိုက် စာကြည့်တိုက်မှူး ဦးပညာဝံသ ကပြန်လည်ဖြေကြားပေးခဲ့သည်။ဆက်လက်၍ ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဉက္ကဋ္ဌ ဒေါ်မေမေနီက ကလောမြို့နယ်အတွင်း ရှင်သန်ခိုင်မာ စာကြည့်တိုက်အခြေအနေများမေးမြန်းခဲ့ရာ ကလောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ရှင်သန်ခိုင်မာစာကြည့်တိုက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်တာဝန်ခံ၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  တောင်ကြီးမြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဉက္ကဋ္ဌ ဒေါ်စန္ဒာသက် ရေးသားသည့် ကလောင်အမည်-ငွေခြည်လင်းလက်(မြန်မာစာ) အတွေးစာစီကဗျာပန်းချီ စာအုပ်နှင့်လက်ဝဲ၊ လက်ယာမအီစက်တော်ရာသမိုင်းကြောင်း စာအုပ်များကို ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်နှင့်ကမ္ဘားနီကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)