မဟာ‌အောင်မြေမြို့နယ်၊ (Community Centre)ခန်းမ၌  စာအုပ်၊စာစောင်နှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသမှု ဆောင်ရွက်

မဟာအောင်မြေ ဇန်နဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်ကျောင်းသား/သူများ စာပေဖတ်ရှုမှု လွယ်ကူစေရန်၊ မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က မဟာအောမြေမြို့နယ် (Community Centre)ခန်းမ၌ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ စာအုပ်၊စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က စာအုပ်၊စာ‌စောင်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊  စာပေဖတ်ရှုသည့် အမှတ်(၂) အခြေခံပညာအလယ်တန်း‌ကျောင်းခွဲမှ ကျောင်းသား/သူများက ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်၊စာစောင်များအား ငှားရမ်းဖတ်ရှုခဲ့ကြကြောင်းသိရသည်။

ယခုလို စာအုပ်၊စာစောင်ပြပွဲကို ငှားရမ်းဖတ်ရှုအားပေးကြသည့် စာပေဖတ်ရှုသည့် ဆရာ၊ ဆရာမများ ကျောင်းသား/သူများအား  ကျေးဇူး တင်ရှိပါကြောင်း ဦးစီးအရာရှိ ဦးဘိုဘိုဟန်မှ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း