ကာလိ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာပေဖတ်ရှု့လေ့လာတက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ) ကျိုင်းလွန်းကျောင်း ရွှေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဒေါ်သဲမာက စာရေးဆရာ အောင်သင်း၏ “လူငယ်နှင့်တန်ဖိုး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသ စာအုပ်စာစောင်များ ဖတ်ရှု့စေခြင်းနှင့် အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)