ဒဂုံ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီ၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကိုရိုနာဗိုင်းရပ်စ် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီတွင် လမ်းဆုံလူစည်ကားရာနေရာများ၊ အောင်စည်းစိမ်လက်ဖက်ရည်ဆိုင်နှင့် ဌာနဆိုင်ရာများသို့ ဖြန့်ဝေပေးကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြိုတင်ကာကွယ်နိုင်ရန်၊ တစ်ကိုယ်ရေ သန့်ရှင်းစွာနေထိုင်ရေး၊ လူထူထပ်သော နေရာများ သွားရောက်ခြင်း ရှောင်ကြရန်၊ ရောဂါကူးစက်နိုင်ခြေရှိသည့် လက္ခဏာများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်လွှင့်သော ကျန်းမာရေး အသိပညာပေး ဂရုပြုလိုက်နာကြရန်၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကြရေး အသိပညာပေး နှိုးဆော်ထားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)