ကြံခင်း ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတများရရှိစေရန်၊ အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲကိုယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျောင်းသားလူငယ်များ အသိပညာပေးဟောပြောပွဲပြုလုပ်ပေးခြင်းဖြင့် ဗဟုသုတများရရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာပေများဖြင့်ရင်းနှီးမှုရှိစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များဖြစ်သော ရာဇာငယ် (ကနောင်) ကလူငယ်နှင့်စိတ်ခွန်အားနှင့် ဒေါ်မိုးမင်းဆန်းက လူငယ်နှင့်စာပေဖတ်ခြင်း၏ အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောကြပြီးနောက်၊ အခြေခံပညာမူလတန်းကျောင်း (ကဇင်းကြီး) ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်အေးမော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ဟောပြောပွဲသို့ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ/ဆရာမများနှင့် (G-4) နှင့် (G-5) ကျောင်းသား/သူ (၃၀) ဦးတက်ရောက်ကြကြောင်းနှင့်ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာသောင်များ အားစိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)