တောင်သာ ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော လူငယ်နှင့်အောင်မြင်မှု စာအုပ်မှ အောင်မြင်မှုသည် ဘဝတစ်လျှောက်လုံးပင် လောကကောင်းကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်စွမ်းရှိအောင် နိုင်ငံ၊ လူမျိုး၊ ဆွေမျိုးမိဘတို့၏ ကောင်းကျိုးကို တာဝန်သိစွာ ထမ်းဆောင်တတ်အောင်၊ မိမိကိုယ်ကို တန်ဖိုးရှိသူဖြစ်အောင် ပျိုးထောင်ဖြည့်ဆည်းပြီး မြှင့်တင်တတ်အောင် လမ်းဖြောင့်ဖြူးခြင်းဖြစ်၏။ ဘယ်လိုအခက်အခဲရှိရှိ ဖြတ်သန်း၏။ ဘယ်ပုံအတားအဆီးတွေ့တွေ့ ကျော်လွှား၏။ သူ့မှာ အမှန် တကယ်ကြီးမားသော စွမ်းအားအရင်းအမြစ်ရှိနေကြောင်း သိရှိပြီး လူငယ်များကိုယ်တိုင် ဖော်ထုတ် အသုံးချစေရမည်။ သူများကို အသိအမြင် ခံယူချက် သဘောထားများအား မျှဝေပေးရမည် စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)