တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

တကောင်း  ဇန်နဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် (၁၁)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက စာဖတ်ဝိုင်ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဒေါ်စန်းနှင့် မသဲစုလှိုင် (Youth Club)တို့က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်းများ စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တကောင်းမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)