မဟာအောင်မြေ ဇန်နဝါရီ ၂၉
မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ကျောင်းသား/သူများ စာအုပ်စာစောင်များလာရောက်ငှားရမ်းမှုအား မဟာအောင်မြေမြို့နယ်စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးမှ (အခမဲ့) ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက် အနေဖြင့် အများပြည်သူများကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်၊ သုတ/ရသစာအုပ်များအား အစိုးရရုံးဖွင့်ရက်များတွင် ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေ ရေးအတွက် သုတ/ရသစာအုပ်များအား ကလေးများအတွက် စုံလင်စွာ(အခမဲ့)ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း