မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီသင်တန်းများ အခမဲ့ဖွင့်လှစ်မည်

မိတ္ထီလာ ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကာလ၌ ကျောင်းသူ၊ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် နွေရာသီသင်တန်းများကို အခမဲ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်ကာလတွေမှာ ကျောင်းသူကျောင်းသားလူငယ်တွေ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေး ရည်ရွယ်ချက်နဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနဲ့ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြန်မာ့သိုင်းသင်တန်း၊ မြန်မာ့ ရိုးရာခြင်းလုံး အားကစားသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အခြေခံပန်းချီသင်တန်းနဲ့ အခြေခံကဗျာရေးစပ် နည်းသင်တန်းတို့ကို အခမဲ့ဖွင့်လှစ်ပို့ချသွားမှာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော် က ပြောသည်။

အဆိုပါသင်တန်းများအား မြန်မာ့သိုင်းသင်တန်းနှင့်  မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၂ဝ ရက် နေ့အထိလည်းကောင်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းကို မတ်လ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ အထိလည်းကောင်း၊ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိလည်းကောင်း မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသည့် ကျောင်းသူကျောင်းသားများအနေဖြင့် သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နိုင်ကြောင်း သိရသည်။

ချမ်းသာ